ကုန်ပစ္စည်းများကို ‌ဒေသတွင်း သို့မဟုတ် ကုန်စည်ပို့ဆောင်ခြင်းဖြင့် အရောင်းအဝယ်ပြုလုပ်၊ ရှာဖွေရာတွင် လွယ်ကူအောင် Marketplace မှ ဆောင်ရွက်ပေးထားပါသည်။

သင်လိုအပ်သော အရာများကို ရှာဖွေရန်နှင့် သင်မလိုအပ်သော အရာများကို ရောင်းချရန်အတွက် Facebook အကောင့်ကို အသုံးပြုလိုက်ပါ။

ဝယ်ယူသူနှင့် ရောင်းသူများအတွက် COVID-19 သတင်းအချက်အလက်များ

Facebook Marketplace ကို အသုံးပြုနေစဉ်တွင် တာဝန်ယူမှုရှိစွာ ရောင်းဝယ်ပုံအကြောင်း သိကောင်းစရာများကို လေ့လာပါ။

ပိုမိုလေ့လာရန်

မေးလေ့မေးထရှိသော မေးခွန်းများ

1.

Marketplace ဆိုသည်မှာ အဘယ်နည်း။

Marketplace ဆိုသည်မှာ သင့်ဒေသအတွင်း အရောင်းအဝယ်ပြုလုပ်ရန် လွယ်ကူ အဆင်ပြေသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ သင့်အနေဖြင့် ဝယ်ယူရန် ပစ္စည်းကောင်းများအား တွေ့ရှိနိုင်ရန်အတွက် သင့်အနီးအနားတွင်ရှိသော ပစ္စည်းများကို ရှာဖွေခြင်း သို့မဟုတ် အရောင်းစာရင်းများတစ်လျှောက် ကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်ပါသည်။

2.

Marketplace အား ကျွန်ုပ် အဘယ်ကြောင့် အသုံးပြုသင့်သနည်း။

Facebook အတွင်း ပစ္စည်းများကို တိုက်ရိုက်အရောင်းစာရင်းတင်နိုင်သလို စျေးချပေးမှုများကို တိုက်ရိုက် ရှာဖွေနိုင်ပါသည်။ အခြားအက်ပ်တစ်ခုကို ဒေါင်းလုဒ်လုပ်ရန် မလိုအပ်သလို အကောင့်အသစ်ဖွင့်ရန်လည်း မလိုအပ်ပါ။ သင့်ဒေသလူမှုအဖွဲ့အစည်းအတွင်းရှိ လူထောင်ချီထံ ပျံ့နှံ့ရောက်ရှိပြီး ရောင်းချထားသည့် ထူးခြားပစ္စည်းများကို ရှာဖွေလိုက်ပါ။

3.

မည်သည့်နေရာတွင် တွေ့ရှိနိုင်ပါသနည်း။

Marketplace ကို Facebook အက်ပ်အတွင်းနှင့် စားပွဲတင်ကွန်ပျူတာ၊ တက်ဘလက်များပေါ်တွင် အသုံးပြုနိုင်ပါသည်။ iOS ပေါ်တွင် အက်ပ်၏ အောက်ခြေတွင်ရှိနေပြီး Android ပေါ်တွင် အက်ပ်၏ ထိပ်ပိုင်းတွင်ရှိနေမည့် ကိုရှာဖွေပါ။ သင်ဝက်ဘ်ဘရောက်ဇာကို အသုံးပြုနေခြင်းဖြစ်ပါက Marketplace အိုင်ကွန်အား Facebook စာမျက်နှာ၏ ဘယ်ဘက်ခြမ်းတွင် တွေ့ရှိနိုင်ပါသည်။

4.

မည်ကဲ့သို့သော ပစ္စည်းများကို လူများ အရောင်းအဝယ် ပြုလုပ်ကြသနည်း။

အဝတ်အထည်များ၊ တီဗီများ၊ ကားများနှင့် အိမ်ခြံမြေများအထိ အရာအားလုံးကို ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မည်။ အသုံးပြုပြီးသော ပစ္စည်းများဖြစ်စေ ထုတ်ကုန်အသစ်များဖြစ်စေ ရောင်းချရန်ပစ္စည်းများကို လူများနှင့် စီးပွားရေးလုပ်ငန်းများမှ စာရင်းတင်နိုင်ပါသည်။ Marketplace ပေါ်တွင် အမျိုးအစားများအတွက် စာရင်းအပြည့်အစုံကို ကြည့်ရှုလိုက်ပါ။

5.

Marketplace ပေါ်တွင် လုံခြုံစွာ မည်သို့ ဆက်သွယ်ပြောဆိုနိုင်ပါသနည်း။

သင် Facebook ပေါ်တွင် အများမြင်အဖြစ် မျှဝေထားသော အချက်အလက်များကိုသာ လူများမှ မြင်တွေ့နိုင်ပါသည်။ သင်အချက်အလက်မည်မျှ မျှဝေမည်ကို ကိုယ်တိုင် ရွေးချယ်နိုင်ပါသည်။ အမှိုက်စာများနှင့် အချက်အလက် လိမ်လည်ခိုးယူမှုကို ရှောင်ရှားရန်အတွက် Marketplace မှတစ်ဆင့် ဆက်သွယ်ပြောဆိုပါ သို့မဟုတ် Facebook Messenger ကို အသုံးပြုပါ။ သင်၏ ကိုယ်ရေးအချက်အလက်များ သို့မဟုတ် ဘဏ်အချက်အလက်များကို မျှဝေခြင်း မပြုပါနှင့်။

6.

ပြဿနာများအား ကျွန်ုပ်မည်သို့ တိုင်ကြားရမည်နည်း။

Marketplace အသုံးပြုစဥ် သင် အကောင်းမွန်ဆုံး အတွေ့အကြုံများ ရရှိစေရန်သာ ကျွန်ုပ်တို့ လိုလားပါသည်။ အ‌ရောင်းစာရင်းတင်ထားသော ပစ္စည်းတစ်ခု သို့မဟုတ် လူတစ်ဦးနှင့် ပတ်သက်ပြီး လူမှုစံနှုန်းများကို ချိုးဖောက်ခြင်း၊ စော်ကားသော အပြုအမူ သို့မဟုတ် လိမ်လည်ခြင်းများကဲ့သို့သော ပြဿနာရှိခဲ့ပါက Facebook သို့ တိုင်ကြားရန် လွယ်ကူပါသည်။ အရောင်းစာရင်း၏ အသေးစိတ်အချက်အလက် စာမျက်နှာ သို့မဟုတ် ရောင်းသူ/ဝယ်သူ၏ Marketplace ကိုယ်ရေးမှတ်တမ်းပေါ်ရှိ တိုင်ကြားရန် လင့်ခ်ကိုသာရှာဖွေလိုက်ပါ။

7.

Marketplace အသုံးပြုနိုင်ရန် အသက်မည်မျှရှိရမည်နည်း။

Marketplace အသုံးပြုနိုင်ရန် သင့်အနေဖြင့် အသက် ၁၈ သို့မဟုတ် အထက် ရှိရန် လိုအပ်ပါသည်။

8.

Marketplace ကို မည်သည့်နေရာများတွင် အသုံးပြုနိုင်ပါသနည်း။

အယ်လ်ဂျီးရီးယား၊ အန်တီဂွာနှင့် ဘာဘူဒါ၊ အာဂျင်တီးနား၊ ဩစတြေးလျ၊ ဩစတြီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘာဘေးဒိုးစ်၊ ဘယ်လ်ဂျီယံ၊ ဘလိဇ်၊ ဘာမြူဒါ၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ ဗြိတိသျှ ဗာဂျင်းကျွန်းစု၊ ဘူလ်ဂေးရီးယား၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ ချီလီ၊ ကိုလံဘီယာ၊ ကော့စတာရီကာ၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဒိုမီနီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အီဂျစ်၊ အယ်လ်ဆာဗေဒေါ၊ အက်စ်တိုးနီးယား၊ အီသိုယိုးပီးယား၊ ဖော့ကလန်ကျွန်းစု၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဂရီနာဒါ၊ ဂွါဒီလု၊ ဂွါတီမာလာ၊ ဂီယာနာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ ‌ဟောင်ကောင်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရတ်၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ ကင်ညာ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ မလေးရှား၊ မော်လ်တာ၊ မက္ကဆီကို၊ မော်ရိုကို၊ နီပေါ၊ နယ်သာလန်၊ နယူးဇီလန်၊ နီကာရာဂွါ၊ နိုက်ဂျီးရီးယား၊ နော်ဝေ၊ ပါကစ္စတန်၊ ပနားမား၊ ပါရာဂွေး၊ ပီရူး၊ ဖိလစ်ပိုင်၊ ပိုလန်၊ ပေါ်တူဂီ၊ ပေါ်တိုရီကို၊ ရိုမေးနီးယား၊ စိန့်ကစ်၊ စိန့်လူစီယာ၊ စိန့်ဗင်းဆင့်နှင့် ဂရန်နဒင်းစ်၊ ဆော်ဒီအာရေးဗျ၊ စင်္ကာပူ၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ တောင်အာဖရိက၊ စပိန်၊ ဆူရီနမ်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ထိုင်း၊ ဘဟားမား၊ ထရီနီဒက်နှင့် တိုဘာကို၊ တူရကီ၊ တာ့ခ်စ်နှင့်ခေးကော့စ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ဥရုဂွေး၊ ဗင်နီဇွဲလား နှင့် ဗီယက်နမ်နိုင်ငံများရှိ အသက် ၁၈ နှစ်နှင့် အထက်ရှိသူ လူအများစုသည် Marketplace ကို အသုံးပြုနိုင်ပါသည်။ သင်သည် Marketplace ကို iPhone 5 သို့မဟုတ် နောက်ပိုင်းမော်ဒယ်များ၊ Android နှင့် iPad တို့ရှိ Facebook အက်ပ်တွင် သို့မဟုတ် သင်၏ စားပွဲတင်ကွန်ပျူတာရှိ www.facebook.com/marketplace တွင် အသုံးပြုနိုင်ပါသည်။

© Facebook။ မူပိုင်ခွင့်အားလုံး လက်ဝယ်ရှိပြီးဖြစ်သည်။

Marketplace အသုံးပြုနိုင်မည့်နေရာများကို Marketplace လမ်းညွှန် အတွင်း ကြည့်ရှုနိုင်ပါသည်။

နောက်ထပ်မေးစရာများ ရှိပါသေးသလား။ နောက်ဆက်တွဲ သတင်းအချက်အလက်များကို အကူအညီစင်တာ အတွင်း တွေ့ရှိနိုင်ပါသည်။

အကြောင်းကိုယ်ရေးလုံခြုံမှုစည်းမျဉ်းများကွတ်ကီးများအကူအညီ