About

​ဗ​မာ​ပြည်​အ​လယ်​ပိုင်း ​ရ​မည်း​သင်း​မြို့​လေး​မှာ​မွေး​ပါ​တယ်။ ​တ​ချို့​တွေ​ကို​တော့ ​ခင်​ရင် ​အ​သက်​မ​မေး​ကြေး​လို့ ​ပြော​ဖူး​ပေ​မယ့် ​အ​မှန်​ဝန်​ခံ​ထား​ရ​ရင် ​ကျွန်​တော် ​သုံး​ဆယ်​နား​မ​နီး​တဲ့ ​ခပ်​ငယ်​ငယ်​ပါ​ပဲ။

​လင်း​ထက်​အောင်​လို့ ​ခေါ်​ပါ​တယ်။ ​နွယ်​ရိုး​ဆို​ပြီး ​နာ​မည်​ပေး​ဖြစ်​တာ​က ​မ​ဆန်း​ပါ​ဘူး။ ​ရွှေ​နွယ်​ရိုး ​ဆို​တာ​ကို ​သီ​ချင်း​ထဲ​မှာ ​ကြား​ဖူး​ရင်း ​ကြိုက်​လို့​ရွေး​ဖြစ်​ခဲ့​တယ်။ ​ဒါ​ပေ​မယ့် ​ကိုယ့်​ကို​လာ​ခေါ်​ရင် ​ကို​ရွှေ​နွယ်​ရိုး ​ကို​ရွှေ​နွယ်​ရိုး​နဲ့ ​ခေါ်​ရ​တာ​လည်း ​ကန့်​လန့် ​ကန့်​လန့် ​ဖြစ်​လို့ ​ရွှေ​ဖြုတ်​လိုက်​တာ​တ​ခု​ပဲ။

​ဒီ​ဘ​လော့ဂ်​ကို ၂၀၀၈ ​ခု​နှစ် ​မတ်​လ ​မှာ​စ​ရေး​ဖြစ်​ခဲ့​တယ်။ ​ပုံ​မှန်​တ​နေ့ ​တစ်​ပုဒ်​နှုန်း​နဲ့ ​သွား​နေ​ခဲ့​ပေ​မယ့် ​အင်​တာ​နက် ​မ​သုံး​ဖြစ်​တဲ့​အ​ချိန် ​ဘ​လော့ဂ်​ရေး​ဖို့ ​အ​ဆင်​မ​ပြ​တဲေ့ ​အ​ချိန်​တွေ ​များ​ခဲ့​လို့ ​စ​လုပ်​က​တည်း​က ​ခု​ပြန်​ပြီး ​လုပ်​ဖြစ်​တဲ့​အ​ချိန်​ထိ ​ပို့စ်​တွေ ​မ​ရှိ​သ​လောက် ​နည်း​ပါး​ပါ​တယ်။ ​အ​ခု​ပြန်​လုပ်​ဖြစ်​တော့ ​မ​ကြိုက်​တဲ့​ဟာ​တွေ ​လိုက်​ဖျက်​လိုက်​တာ ​ပို့စ်​ပေါင်း ၁၅၀ ​ကျော်​ဖျက်​ပစ်​ပါ​တယ်။ ​ကိုယ့်​အ​တွက်​လည်း ​ပြန်​ဖတ်​ရင် ​စိတ်​တိုင်း​မ​ကျ​တာ၊ ​သူ​တစ်​ပါး​အ​တွက်​လည်း ​အ​သုံး​မ​ဝင် ​အ​ကျိုး​မ​ရှိ​တာ​တွေ​ပါ။

​အ​ခု​တော့ ​ပုံ​မှန် ​မ​ရေး​ဖြစ်​ရင်​တောင် ​သေ​ချာ​သီး​သန့် ​အ​ကျိုး​ရှိ​မယ့် ​လိုင်း​တစ်​လိုင်း​ထဲ​နဲ့ ​ရှေ့​ဆက်​သွား​ဖို့ ​စဉ်း​စား​ထား​ပါ​တယ်။ ​အ​ရာ​ရာ​ကို​တော့ ​သင်​ယူ​နေ​တုန်း ​လေ့​လာ​နေ​တုန်း​ပါ​ပဲ။

မှတ်ချက် -
ကျနော့် ကလောင်နာမည် ဘလော့ဂ် နာမည် သတ်သတ်ပါ။ နွယ်ရိုးပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး နဲ့ ဘာမှ သက်ဆိုင်မှု မရှိပါဘူး ခင်ဗျ။ နွယ်ရိုးပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး ထင်ပြီး ကျနော့်ဆီကို Email တွေ အရမ်းပို့ကြလို့ပါ။ ပြည်တွင်း အလုပ်အကိုင် လိုချင်တဲ့အကြောင်းတွေ အီးမေးလ်တွေ ခနခန ရောက်လို့ပါ။ နွယ်ရိုးပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး Facebook Page ရှိပါတယ် ခင်ဗျာ။ နွယ်ရိုး ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး Facebook မှာသာ ဆက်သွယ်ကြပါခင်ဗျာ။