WordPress ၃.၁.၃

WordPress ၃.၁.၃ သည် ၃.၁ ၏ နောက်ထပ် လုံခြံရေး ပြင်ဆင်ဖြည့်စွက်ချက်တစ်ခုဖြစ်ပါသည်။ အဓိက လုပ်ဆောင်ချက်များကို ပြောင်းလဲထားခြင်း မရှိပါ။ သင့် ဆိုဒ်ကို ဟက်ကာများမှ ဟက်၍ တစ်ခုခု ပြုလုပ်နေသည်ဟု သံသယ ရှိပါက အမြန်ဆုံး အဆင့်မြှင့်တင်သင့်ပါသည်။ WordPress မြန်မာဘာသာပြန်အဖွဲ့ မှ အချိန်နှင့်တစ်ပြည်းညီ နောက်ဆုံး အဆင့်မြှင့်တင်မှုများကို ရရှိနိုင်ရင် ကြိုးပမ်းဆောင်ရွက်နေပါသည်။ WordPress ၃.၂ ကို နောက်လကုန် တွင် ဖြန့်ချိနိုင်ရန်လည်း WordPress Core Team မှ အထူးကြိုးပမ်းဆောင်ရွက်နေပါသည်။ https://wordpress.org/news/2011/05/wordpress-3-1-3/ တွင် ၃.၁.၃ ထွက်ရှိမှုနှင့် ပတ်သက်သည့် မူရင်း ကြော်ငြာချက်ကို ဖတ်ရှုနိုင်ပါသည်။ ဤဗားရှင်းတွင် ပါဝင်ဆောင်ရွက်သူများ စာရင်းကို https://mya.wordpress.org/wp-admin/credits.php တွင် ကြည့်ရှုနိုင်ပါသည်။

၃.၁.၁ ဖြန့်ချိမှု

WordPress ၃.၁.၁ ကို ဆက်လက်၍ ဖြန့်ချိန်ပေးလိုက်ပါသည်။ ဗားရှင်း ၃.၁ ၏ လုံခြုံရေးဆိုင်ရာ ဖြည့်စွက်ပြင်ဆင်ချက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရန် ကြိုးစားပေးထားပါသည်။ မူရင်း WordPress ၏ ဗားရှင်း ၃.၁.၁ ဖြန့်ချိမှုကို ကြော်ငြာချိန်မှ နာရီပိုင်းအတွင်း မြန်မာဘာသာပြန်မူကိုပါ ဗားရှင်း ၃.၁.၁ ကို ပြောင်းလဲ ပြင်ဆင်ဖြည့်စွက်ပေးထားပါသည်။ ဗားရှင်း ၃.၁ တွင် ပလပ်အင်အချို့နှင့် အဆင်မပြေမှုများရှိပါက အမြန်ဆုံး ၃.၁.၁ သို့ အဆင့်မြှင့်တင်သင့်ပါသည်။ WordPress ၃.၁.၁ ဖြန့်ချိမှု သတင်းကို https://wordpress.org/news/2011/04/wordpress-3-1-1/ တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။

WordPress ၃.၁ ဖြန့်ချိခြင်း

WordPress ၃.၁ ကို တတ်နိုင်သမျှ အပြည့်စုံဆုံးနှင့် အဆင်ပြေဆုံးဖြစ်ရန် ဘာသာပြန်ထားပါသည်။ ဤအဆင့်ထိ အောင်မြင်မှုရရှိနိုင်ရန် အချိန်များစွာပေး၍ ကြိုးစားထားခြင်းဖြစ်ပါသည်။ တစ်ရက်လျှင် အနည်းဆုံး ၁၄ နာရီမှ ၁၈ နာရီထိ ကွန်ပြူတာရှေ့တွင် တစ်နှစ်ခွဲခန့်ထိုင်ပြီး ယခုအခြေနေကို ရရှိရန်ကြိုးစားထားခြင်းဖြစ်၍ ကြိုးစားမှုကို အသိအမှတ်ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။ လက်ရှိ ဘာသာပြန်မူတွင် အဆင်မပြေမှုများရှိပါက WordPress တရားဝင် ဘာသာပြန်စာမျက်နှာ https://translate.wordpress.org/projects/wordpress/ နှင့် http://my-mm.ayar.co/projects/wordpress/ တို့တွင် ဝင်ရောက် ကူညီဘာသာပြန်ဆိုပေးနိုင်ပါသည်။

WordPress ၃.၀

WordPress ၃.ဝ ကို အတော်များများ ဘာသာပြန်ပြီးပါပြီ။ မကြာမှီမှာ ဤစာမျက်နှာမှာ ရယူနိုင်မှာဖြစ်ပါတယ်။ ၃.၁ အတွက်နဲ့ ၃.၂ အတွက်ကိုလည်း အခုလုပ်နေပါတယ်။ ၃.၁ ကို လည်း မကြာမှီ လွှင့်တင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ၃.ဝ ကိုတော့ svn မှာတင်ထားပြီးဖြစ်ပါတယ်။
ဒီမှာ ရယူနိုင်ပါတယ်။