WordPress ထည့်သွင်းမှု လုပ်ငန်းစဉ်ကို ရုပ်ပုံသရုပ်ပြများဖြင့် ရှင်းလင်းဖော်ပြပေးပါမည်။
ပထမဆုံးအနေဖြင့် ဤဝဘ်ဆိုဒ်မှ WordPress မြန်မာဘာသာပြန်မူကို ရယူ၍ သင်လွှင့်တင်မည့် ဝဘ်ဆာဗာပေါ်သို့ FTP ပရိုဂရမ် တစ်ခုခုကို အသုံးပြု၍ တင်ပို့ပါ။ ထိုသို့တင်ပို့ပြီးလျှင် သင့်ဆာဗာပေါ်ရှိ WordPress မြန်မာဘာသာပြန်မူကို တင်ပို့ထားသော တည်နေရာသို့ လိပ်စာကို အင်တာနက် ဘရောက်ဇာတွင် ဖွင့်လိုက်ပါက အောက်ပါအတိုင်း တွေ့မြင်ရမည်ဖြစ်ပါသည်။
ထိုအဆင့်ကို ဆက်လက်ပြုလုပ်ပါလျှင် ဒုတိယ အဆင့်အနေဖြင့် အောက်ပါအတိုင်း တွေ့မြင်ရမည်ဖြစ်သည်။
နောက်တစ်ဆင့်ကို ဆက်သွားပါ။ ဒေတာဗေ့ ဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းပေးရမည့် စာမျက်နှာကို တွေ့ရပါမည်။ ဒေတာဗေ့ဆိုင်ရာ အချက်အလက်များမှာ သင့်အား ဝန်ဆောင်မှုပေးထားသော ကုမ္ပဏီထံမှ ရယူထားရပါမည်။
နောက်တစ်ဆင့်သည် WordPress ဒေတာဗေ့များကို သင့် MySQL ဆာဗာသို့ ချိတ်ဆက်မည့် အဆင့်ဖြစ်ပါသည်။
ဤအဆင့်တွင် သင့်ဆိုဒ်၏ အမည်နှင့် သင့်သုံးသူအမည် စကားဝှက်တို့ကို ဖြည့်သွင်းပေးရပါမည်။ ဖြည့်သွင်းပြီးလျှင် သင့် WordPress ထည့်သွင်းမှု၏ နောက်ဆုံးအပိုင်းကို လုပ်ဆောင်မည်ဖြစ်ပါသည်။
WordPress ထည့်သွင်းမှု ပြီးဆုံးကြောင်း အသိပေးသော စာမျက်နှာကို တွေ့ရမည်ဖြစ်ပါသည်။ သင့်သုံးသူအမည်နှင့် စကားဝှက်ကို ဖော်ပြပေးထားမည်ဖြစ်သည်။
ထည့်သွင်းမှုပြီးဆုံးပါက ဝင်ရောက်ရန် စာမျက်နှာသို့ ရောက်ရှိပါမည်။
ထိုစာမျက်နှာမှ တဆင့်ဝင်ရောက်လိုက်လျှင် စီမံအုပ်ချုပ်မှုဆိုင်ရာ ထိန်းချုပ်ခလုပ်ခုံ စာမျက်နှာကို တွေ့မြင်ရမည်ဖြစ်ပါသည်။
WordPress ထည့်သွင်းမှု ပြီးဆုံးသည်နှင့် မြင်တွေ့ရမည့် သင့်ဆိုဒ်၏ နမူနာပုံစံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။